လပွတ္တာမြို့နယ်၌ အခြေခံကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်

လပွတ္တာ ဧပြီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကျောက်မှော်ကျေးရွာ AQUIA KING ကုမ္ပဏီတွင် ယနေ့နံနက် ၉ နာရီအချိန်ကစ၍ မြောင်းမြမြို့နယ်လူမှုဖူလုံရေးရုံးမှ Mobile Medical Unit(MMU) ဖြင့် အခြေခံကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးရာတွင် ဒေါက်တာသက်နေလင်း (MBBS)နှင့် ဒေါက်တာဇာနည်အောင် (MBBS) တို့၏ဦးဆောင်မှုဖြင့် အကူသူနာပြု (၁၀) ဦးတို့က လပွတ္တာမြို့နယ်အတွင်းရှိ လူမှုဖူလုံရေးရုံးတွင် အကျူံးဝင်မှတ်ပုံတင်ထားသော အလုပ်သမားများအား Mobile Medical Unit(MMU) ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် သွေးပေါင်တိုင်းတာခြင်း၊ အရပ်အလိုက်ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးစစ်ဆေးခြင်း၊ ECG စနစ်ဖြင့်ကျန်းမာရေးစစ်ဆေးခြင်းအပြင် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း(လပွတ္တာ)