ဆင်ပေါင်ဝဲမြို့၌ အခြေခံပညာ ဆရာ၊ ဆရာမများအား ကာယသင်တန်း ဖွင့်လှစ်ပေး

ဆင်ပေါင်ဝဲ ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပညာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် အခြေခံပညာ ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းဖြစ်သည့် ကာယသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ကာယသင်တန်းတွင်တက်ရောက်သင်ကြား ဆရာ၊ ဆရာမများက ကျောင်းဖွင့်သည့်အချိန်တွင် မူလတန်းလွန်ကျောင်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကျန်းမာကြံ့ခိုင်ပြီးအားကစားကို စိတ်ဝင်စားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်ပေးခြင်းဖြစ်ပြီး နည်းပြဆရာ၊ ဆရာမ (၃)ဦးတို့က ဆရာ၊ ဆရာမ(၇၁)ဦးတို့အား ကိုယ်လက်ကြံ့ခိုင်ရေးအတွဲအမှတ်(၃)၊ အမှတ်(၄)နှင့် Fitness Dance တို့ကို (၃) ရက်ကြာ သင်တန်းဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)