ခန္တီးမြို့၌ မြေထိန်းတာဘောင်ပြုပြင်ထိန်းသိမ်းခြင်းဆောင်ရွက်

ခန္တီး ဧပြီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြေထိန်းတာဘောင်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ချင်းတွင်းမြစ်ကမ်းနားလမ်းရှိ မြေထိန်းတာ‌ဘောင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခြင်းမှာ မိုးတွင်းကာလတွင် ရေကြီးရေလျှံမှု မဖြစ်ပွားမပေါ်ပေါက်စေရေး၊ မြို့အတွင်းရေများဝင်ရောက်မှု မရှိစေရေးအတွက် ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြို့ရပ်မိရပ်ဖများ၊ အလှူရှင်များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ပြိုပျက်နေသည့်ချင်းတွင်းမြစ်ကမ်းပါး အတွင်း/အပြင်၌ မြေဖို့ခြင်းလုပ်ငန်းများ၊ မြေထိန်းနံရံပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ကမ်းကီး(ပြန်/ဆက်)