မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နွေရာသီ ဘင်ခရာသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

အထက်မင်းလှ  ဧပြီလ ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးမှူးရုံးနှင့် မင်းလှအခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နွေရာသီဘင်ခရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီ (၃၀) မိနစ်အချိန်က မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က သင်တန်းအဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူးဦးညွန့်ဝင်းက နွေရာဘင်ခရာသင်တန်းဖွင်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းချက်များအား ဆွေးနွေးပြောကြားသည်။ ထို့နောက် မင်းလှမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်သန်းက သင်တန်းတွင်သင်ကြားမည့်သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သင်တန်းအတွက် ဘင်ခရာပစ္စည်းများကို ပေးအပ်ခဲ့ရာ မင်းလှအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသား/ကျောင်းသူများက လက်ခံရယူခဲ့သည်။

အဆိုပါ နွေရာသီဘင်ခရာသင်တန်းကို မင်းလှအခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းနှင့် အထက်တန်းဆင့် ကျောင်းသား၊ကျောင်းသူ (၁၀၀) ဦးအား သင်တန်းနည်းပြ ဆရာ၊ဆရာမများကသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)