ပခုက္ကူခရိုင်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ရှိန်မြှင့်‌တင်ရေးစာဖတ်ဝိုင်း‌ဆွေးနွေးပွဲပြုလုပ်

ပခုက္ကူ ဧပြီ ၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၁၀နာရီအချိန်က ခရိုင်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူမြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် စာရေးဆရာအောင်ဝင်း(မျိုးချစ်သူ-ရေစကြိုသား)က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပခုက္ကူမြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာ နေဦးမောင်က “အရှင်ရာဟုလာ၏ တော်ဝင်စိတ်ထားများအကြောင်း” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသည့် မြို့နယ်စာရေးဆရာ အသင်းဝင်စာရေးဆရာ၊ ဆရာမများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)