တောင်တွင်းကြီး ဧပြီ ၂၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က မြို့လယ်လမ်းစုံနှင့် တောင်တွင်းကြီး - ပြည်လမ်းနှင့် မြို့နယ်လမ်းစုံတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင် ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက လမ်းသွား၊ လမ်းလာပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်ကျွမ်းမှုများ လျော့နည်းစေရန် ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းကို လူစည်ကားရာ ဈေး၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များ၊ ကားဂိတ်နှင့် မြို့ဝင်စစ်ဆေးရေးဂိတ်များတို့တွင်လည်း အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး မြို့ပေါ်ရပ်ကွက်များအား အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းလုပ်ငန်းများလည်း စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)