တောင်တွင်းကြီးမြို့နယ်၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ

တောင်တွင်းကြီး ဧပြီ ၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ပြည်သူများ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေရာတွင် တောင်တွင်းကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ခိုင်နှင့် ဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခိုင်မွန်မွန်ဇင်နှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ​မီးသတ်တပ်ဖွဲဝင်များပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ငလျင်သဘာဝဘေးအန္တရာယ်၏အဓိပ္ပါယ်နှင့် ငလျင်အမျိုးအစားများ၊ ငလျင်ဘေးဖြစ်ပွားစဉ်နှင့် ဖြစ်ပွားပြီးနောက် ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များပါဝင်သည့် ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို တောင်တွင်းကြီးမြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများ၊ ခရီးသွားပြည်သူများထံ ကွင်းဆင်းအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)