သရက်မြို့၌ ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်

သရက် ဧပြီ ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ငလျင်ဘေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသည်။

အဆိုပါ အခမ်းအနားတွင် သရက်ခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ့မှုအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အမှာစကားပြောကြားရာမှာ သဘာဝဘေးအန္တရာယ်များအနက် ငလျင်အန္တရာယ်သည် ပျက်စီးဆုံးရှုံးမှု ကြီးမားသည့် ဘေးအန္တရာယ် အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံသည် အရှေ့တောင် အာရှတွင် ငလျင်လှုပ်ခတ်မှုများသော ဒေသများအနက် တခုအပါအဝင်ဖြစ်ပြီး ဒါအပြင် မြန်မာနိုင်ငံတွင် စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့နှင့် ဂွေးချိုတွန်းတင်ပြတ် ရွေ့စသည့် ပြတ်ရွေ့များကလည်း တည်ရှိတာကြောင့် အင်အားပြင်းထန်သော ငလျင်များ အချိန်မရွေး နေရာမရွေး ဖြစ်ပေါ်နိုင်ကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြထွေးက ငလျင်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များ အချက်များအား ပြောကြားပေးခဲ့ပြီး ခရိုင်ကြက်ခြေနတပ်ဖွဲ့မှူး ဦးအောင်နိုင်ဦးက ငလျင်ဘေးဖြစ်ပွားချိန်တွင် ဆောင်ရွက်ရမည့် နည်းလမ်းများအား အသိပေးခြင်းနှင့် ဝပ်၊ ကာ၊ ကိုင်သရုပ်ပြမှုများဖြင့် သရုပ်ပြသပေးခဲ့သည်။ 

ဆက်လက်၍ ငလျင်လှုပ်ခတ်နေပြီဖြစ်တဲ့အတွက် အခန်းများအတွင်းမှ သက်ဆိုင်ရာစုရပ်များကို အလျင်အမြန်ပြေးထွက်ခြင်းနှင့် ဝပ်၊ ကာ၊ ကိုင်သရုပ်ပြသခြင်း၊ ဘေးကင်းရာစုရပ်ကို အမြန်ဆုံးပြေးတဲ့ သရုပ်ပြသခြင်းများနှင့် ငလျင်လှုပ်ခတ်သွားတဲ့ အခန်းများကို မီးသတ်ဝန်ထမ်းများက ရှာဖွေကယ်ဆည်ရေး သရုပ်ပြသဆောင်ရွက်ခဲ့ကြပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဒဏ်ရာရ လူနာများကို ရှေးဦးပြုစု ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဇော်ထက်(သရက်)