ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးခဲ့သော ဖူးစားပြောင်း ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီး

ပွင့်ဖြူ ဧပြီ ၂၄         

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးခဲ့သော ဖူးစားပြောင်း စိုက်ဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက ဖူးသားပြောင်း (၂၇၂၄) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါ ဖူးစားပြောင်းစိုက်ခင်းများကို ယခုနှစ် ဇန်နဝါရီလမှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ဖူးစားပြောင်းဖူးရေ (၁၅၀၂၅) ဖူး ထွက်ရှိကြောင်း သိရသည်။

ဆောင်းသီးနှံရာသီက ပွင့်ဖြူမြို့နယ်အတွင်း ဖူးစားပြောင်း (၂၇၂၄) ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဖူးစားပြောင်းစိုက်ဧက အားလုံးကို ရိတ်သိမ်းပြီးစီးသွားပြီ ဖြစ်ပါတယ်။ ဖူးစားပြောင်း စိုက်ပျိုးတာနဲ့ ပတ်သက်ပြီး အထွက်နှုန်းကောင်းမွန်ဖို့နဲ့ အရည်အသွေးပြည့်ဝတဲ့ ဖူးစားပြောင်းများ ရရှိဖို့အတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ အစားအစာ ဘေးကင်းလုံခြုံစေဖို့ GAP နည်းစနစ်နဲ့ အညီ စိုက်ပျိုးရေး၊ ပိုမွှားအန္တရာယ် ကင်းရှင်းရေး စတဲ့ တောင်သူပညာပေးတာတွေကို ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပါတယ်ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံရာသီက ဖူးစားပြောင်းစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ပူးပေါင်းပြီး စိုက်ပျိုးရေး အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ သင်တန်းများနှင့် ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်း၊ မျိုးကောင်း မျိုးသန့်များ ရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ဖောငမြှောင်တောင်ပိုးနှင့် ဘက်စုံသီးနှံ ကာကွယ်ရေးနည်းပညာပေးခြင်း စသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်သူများအနေဖြင့် ဖူးစားပြောင်းသီးနှံကို အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေသည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် သီးနှံဝင်ငွေတိုပွားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ဖူးစားပြောင်းကို တိုးချဲ့စိုက်ပျိုးနိုင်အောင် ကြိုးပမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)