နတ်မောက် ဧပြီ ၂၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပညာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် အခြေခံပညာဆရာ၊ ဆရာမများ မွမ်းမံသင်တန်းဖြစ်သည့် ကာယသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကာယသင်တန်းတွင် တက်ရောက်သင်ကြားသည့် ဆရာ/မများက ကျောင်းဖွင့်သည့်အချိန်တွင် မူလတန်းလွန်ကျောင်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ ကျောင်းသား/သူကလေးငယ်များအား ကျန်းမာကြံ့ခိုင်ပြီး အားကစားကို စိတ်ဝင်စားလာစေရန်၊ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်ပေးခဲ့ရာ နည်းပြဆရာ/မ (၃)ဦးတို့က ဆရာ/မ (၁၇၂)ဦးတို့အား ကိုယ်လက်ကြံ့ခိုင်ရေးအတွဲအမှတ်(၃)၊ အမှတ်(၄)နှင့် Fitness Dance တို့ကို (၃)ရက်ကြာ သင်တန်းဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း