ဇလွန် ဧပြီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၄ - ၂၀၂၅ ခုနှစ် GW – 11 နွေစပါးစံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် ပြင်ရွာကျေးရွာအုပ်စု တောင်သူဦးသောင်းကြည်၏ လယ်မြေကွင်းအမှတ် ၁၆၅၅ ဦးပိုင်အမှတ် ၄ / ၄ တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု - ဦးစီးမှူး ဦးရဲလင်းအောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး တောင်သူဦးသောင်းကြည်၏ လယ်မြေကွင်းအမှတ် ၁၆၅၅ ဦးပိုင်အမှတ် ၄ / ၄ တွင် GW – 11 (၅.၀၀)ဧက စိုက်ခင်းတွင် (၀.၁၀)ဧက စံကွက်ရိတ်သိမ်းရာ စပါးအခြောက်အထွက် ( ၂၁၅ . ၃၄ ) တင်း ထွက်ရှိကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)