မြို့သစ် ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးအဆောက်အဦသစ် (၁၀၀×၃၀) RCC (၂)ထပ်ဆောင်အသစ် ဆောက်လုပ်လျက်ရှိရာ ယနေ့အချိန်အထိ တည်ဆောက်ရေးလုပ်ငန်းများ ၉၈ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့သစ်မြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး (၁၀၀×၃၀) RCC (၂)ထပ်ဆောင် အဆောက်အဦသစ်တည်ဆောက်ခြင်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး ရန်ပုံငွေ (၃၃၀ ဒဿမ ၀၀)ကျပ်သန်းဖြင့် တင်ဒါအောင်မြင်သည့် ULTRA Company Limited ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ (၉၈)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးတို့ကိုလည်း မြို့နယ်အရည်အသွေးစစ်ကော်မတီ၊ ပညာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)