ငပုတော ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ မြေဆီလွာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သက္ကယ်ချောင်းကျေးရွာကွင်းအမှတ် (၁၃၆၆-က)၊ ဦးပိုင်အမှတ်(၆/၂)ရှိ တောင်သူဦးဝင်းသောင်း၏ လယ်မြေ ( ၅ ) ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိစေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော် စိုက်ပျိုးနိုင်ရေး၊ ပိုက်ဆံလျှော်မြေခံစိုက်ပျိုးခြင်းဖြင့် မြေဆီသြဇာထက်သန်စေပြီး သွင်းအားစု ဓာတ်မြေသြဇာလျော့ချသုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်း ပိုမိုရရှိကာ တောင်သူဝင်ငွေတိုးပွားစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဆန်းဝင်း နှင့် မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များက ပိုက်ဆံလျှော် မျိုးစေ့များကို တောင်သူများထံပေးအပ်ခဲ့ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ စုပေါင်း ကြဲပက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဖျန်ရေကျော်ကျေးရွာ တောင်သူ ဦးသန်းမြင့်၏လယ်မြေ(၅)ဧကတွင် ကျင်းပပြုလုပ်သည့် ပိုက်ဆံလျှော် မျိုးစေ့ကြဲပက် ပွဲသို့ တက်ရောက်ပြီး ပိုက်ဆံလျှော်မျိုးစေ့များကို တာဝန်ရှိသူများနှင့်အတူ စုပေါင်းကြဲပက်ခဲ့ကြကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)