သာပေါင်းမြို့နယ်၊ ရိုးဝကျေးရွာတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စု‌ပေါင်းကြဲပက်

သာပေါင်း ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရုံးပင် ကျေးရွာအုပ်စု၊ ရိုးဝကျေးရွာတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မြေမြှုပ်ထည့်သွင်းနိုင်ရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတတ်စေရန်အတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့်ကြဲပက်စိုက်ပျိုးခြင်းကို ယနေ့ ဧပြီလ ၂၁ ရက်နေ့၊ နံနက် (၁၀) နာရီ ၄၅ မိနစ်အချိန်က တောင်သူဦးဇော်ဝင်းထွန်း၏ ကွင်းအမှတ်(၈၁၄)၊ ဦးပိုင်အမှတ်(၈/၁)၊ (၈/၂)၊လယ်မြေ(၅)ဧကပေါ်သို့ ကြဲပက်ခဲ့ကြသည်။

အခမ်းအနားတွင် ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတတ် မြင့်မား‌ရေးကော်မတီအတွင်းရေးမှူး‌ ဒေါ်အေးအေးမူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်တို့က အဖွင့်အမှာစကား‌ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတတ်မြင့်မားရေး ကော်မတီအတွင်းရေးမှူး ဦးမျိုးမြင့်လွင်မှ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိတိုးလာခြင်း၊ သွင်းအားစုဓာတ်မြေဩဇာ လျှော့ချသုံးစွဲနိုင်ခြင်း၊ သီးနှံအရည်အသွေး တိုးတက်ကောင်းမွန်လာခြင်းစသည့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ ‌မေလဆန်းဝန်းကျင်တွင် တစ်ဧက(၄)ပြည်နှုန်း ကြဲပက်စိုက်ပျိုးရန်၊ အစိုဓာတ်လိုအပ်ပါက ရေခပ်ပါးပါး တစ်ကြိမ်သွင်းပါ၊ စိုက်ပြီး(၄၅)ရက်သားအချိန်သည် အပင်အတွက်အဓိက အာဟာရဓါတ်များဖြစ်သော နိုက်ထရိုဂျင် ဖေါ့စ်ဖေါရပ် (ဖေါ့စ်စဖိတ်)၊ပိုတက်ရှ် အများဆုံးပါဝင်ချိန်တွင် ထယ်ထိုး‌မြေမြှုပ်၍ သစ်စိမ်းမြေဩဇာ မြေဆွေးဓါတ်ရရှိစေပြီး မြေအချဉ်အငန်ကိုလည်း ၎င်းသစ်စိမ်းမြေဆွေးဓါတ်က ထိန်းညှိပေးပါကြောင်း မြေကြီးရုပ်ဂုဏ်သတ္တိ ပိုမိုကောင်းမွန်းလာပါကြောင်း မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသသည် နှစ်စဉ်မိုးရေချိန်လက်မ (၈၀)ခန့်ရွာသွန်းခဲ့မှုကြောင့် မြေဆီလွှာအပေါ်ယံ စိုက်ပျိုးမြေများမှာ အချဉ်ဓါတ်ရှိမြေများ ဖြစ်ပေါ်စေပါသည်။ သို့ဖြစ်ပါ၍ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းခြင်းဖြင့် အပင်များစားသုံးရန် N.P.K အာဟာရဓါတ် ရရှိစေရုံမကပဲ မြေချဉ်မှု(PH အနိမ့်)ကိုလည်း မြှင့်တင်ပေးနိုင်ပြီး (၂)ပတ်အကြာတွင် စပါးစိုက်ပျိုးနိုင်ပါသည်တို့ကို အသိပညာပေးပြောကြားပြီး မိုးစပါးရေတော် မိုးတော်စိုက်ဧကအားလုံး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေမြှုပ်ထည့်သွင်းနိုင်ရေး တောင်သူ(၅၀)ဦးတို့နှင့် တွေ့ဆုံဆွေးနွေးကာ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထုပ်များ ပေးအပ်၍ တောင်သူဦးဇော်ဝင်းထွန်း၏ ကွင်းအမှတ်(၈၁၄)၊ ဦးပိုင်အမှတ်(၈/၁)၊(၈/၂)၊ လယ်မြေ(၅)ဧကပေါ်သို့ (၁)ဧကလျှင် (၄)ပြည်နှုန်းဖြင့် ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မား‌ရေးကော်မတီအတွင်းရေးမှူး‌ ဒေါ်အေးအေးမူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီ(အတွင်းရေးမှူး) ဦးမျိုးမြင့်လွင်၊ မြေစာရင်းဦးစီးဌာန၊ ဦးစီးမှူးဦးထွဋ်ခန့်ဝင်းနှင့် တောင်သူများ စု‌ပေါင်းကြဲပက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး(ပြန်/ဆက်)