ကြံခင်းမြို့နယ်ရုံးတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့်ပူးပေါင်း၍ “လူ့ဘဝမှာအရေးကြီးလှတဲ့ အကျင့်စာရိတ္တ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့ Book Club အဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေး ရေးသားသော “လူ့ဘဝမှာအရေးကြီးလှတဲ့ အကျင့်စာရိတ္တ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်းများကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြန်နိုင်ငံစာရေး ဆရာအသင်းအဖွဲ့ဝင် ကဗျာဆရာ မိုးမြေသစ္စာ(Book Club)အဖွဲ့ဝင်က စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေး ရေးသားသော “လူ့ဘဝမှာ အရေးကြီးလှတဲ့ အကျင့်စာရိတ္တ” စာအုပ်အား ဦးဆောင် ဆွေးနွေးခဲ့သည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးမျိုးဝင်း(ဆောင်းနတ်ရှင်-ကြံခင်း)က “အကျင့် သိက္ခာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးမြတ်ထွန်း(ရာဇာငယ်ကနောင်)က “လူရာဝင်တယ်ဆိုဘာလဲ”၊ ဒေါ်စန်းစန်းသစ်က “အကျင့်သီလ”၊ ဒေါ်စန်းစန်းအေးက “ရိုးရိုးကျင့် မြင့်မြင့်ကြံ”၊ ဒေါ်မာလာက “စာရိတ္တဗလ”၊ ဒေါ်အလတ်မက “ အသိပညာအသိတရား” ခေါင်းစဉ်တို့ဖြင့် အသီးသီး အပြန်အလှန် ဆွေးဆွေးနွေးကြသည်။

ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လစဉ်လူထုအခြေပြု ဗဟိုဌာန (Community Centre ) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ဖြင့် စာဖတ်ဝိုင်းများ ပြုလုပ် ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ပြည့်စုံလာစေရန် ကာယ၊ ဉာဏပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ဆွေးနွေးပွဲများနှင့် သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)