ကြံခင်း ဧပြီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ၁၁၇၂ ဦးအား ပင်စင်လစာငွေများကို ယနေ့နံနက် (၆) နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိသည်။
အဆိုပါ အငြိမ်းစားပင်စင်လစာထုတ်ပေးခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ယဉ်ယဉ်မွန်နှင့် ဝန်ထမ်းများက ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိစေရန် ပင်စင်စားများ စနစ်တကျထုတ်ယူနိုင်ရေးနှင့် ပင်စင်လစာထုတ်ယူရန် ကိုယ်တိုင်မလာရောက် နိုင်သူအငြိမ်းစားများအနေဖြင့် ကိုယ်စားလှယ်လွှဲစာဖြင့် ထုတ်ယူနိုင်ပါကြောင်း၊ ထုတ်ယူရန်ကျန်ရှိသူများအား ပင်စင်လစာထုတ်ပေးခြင်းများကို စီစဉ်ဆောင်ရွက် ထုတ်ပေးလျက်ရှိပြီး၊ ပင်စင်လာရောက်ထုတ်ယူကြသည့် မိဘပြည်သူပင်စင်စားများအား အလှူရှင်ဒေါ်ဝင်းဝင်းမြင့်က လိမ္မော်ကျောက်ကျော အအေးဖျော်ရည်များဖြင့် ကုသိုလ်ပြုတိုက်ကျွေးလျက်ရှိသည်။
ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ မြို့ပြပင်စင်စား (၇၇၉) ဦး၊ ကာကွယ်ရေး ပင်စင်စား (၃၀၈) ဦး၊ နိုင်ငံရေးပင်စင်စား (၇၅) ၊ ဘဏ်ပင်စင်စား (၁၀) ဦးရှိကြောင်းနှင့် ဧြပီလ (၂၂) ရက်နေ့မှ (၃၀) ရက်နေ့အထိ၊ နေ့စဉ်ရုံးဖွင့်ရက်များတွင် နံနက် (၆) နာရီမှနေ့လယ် (၁၂) နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)