မအူပင်ခရိုင်အတွင်း မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မအူပင် ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းလုပ်ငန်းများအား ယနေ့နံနက်(၉)နာရီက ညောင်ဝိုင်းကျေးရွာရှိ Wilke Myanmar အထည်ချုပ်စက်ရုံအတွင်း ဆောင်ရွက်သည်။

အဆိုပါကွင်းဆင်းစစ်ဆေးမှုအား မအူပင်မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဋ္ဌေးဦးဆောင်မှုဖြင့်  ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနရှိ တပ်ဖွဲ့ဝင်များမှ စက်ရုံတွင် မီးဘေးလုံခြုံမှုရှိစေရန် အဆောက်အဦအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား လက်တွေ့စစ်ဆေးပြီး မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)