လိပ်သို ဧပြီ ၂၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသအတွင်းရှိ ကျေးရွာအများအပြားတွင် နှစ်ရှည်ပင်ဖြစ်သော မရမ်းပင်များကို စိုက်ပျိုးထားကြရာ ယခုအချိန်၌ မရမ်းသီးများ လှိုင်လှိုင်ထွက်ရှိချိန်ဖြစ်၍ မရမ်းသီးအမှည့်များ ရောင်းချလျက်ရှိကြရာ မရမ်းစိုက်တောင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေရလျက်ရှိနေကြောင်း သိရသည်။
ဒေသခံများမှာ မရမ်းပင်များကို မိမိတို့၏ ဥယျာဉ်ခြံမြေများနှင့် မြေလွတ်နေရာများတွင် စိုက်ပျိုးထားကြကြောင်း၊ လိပ်သိုမြို့ပေါ်၌ မရမ်းသီးမှည့် တစ်ပိဿာလျှင် (၂၀၀ဝိ/-) ကျပ်ဖြင့်ရောင်းချကြပြီး ဒေသတွင်းသာမက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့သို့လည်းကောင်း၊ လိပ်သိုမြို့နှင့် ထိစပ်လျက်ရှိသော မြို့နယ်၊ ကျေးရွာများသို့လည်းကောင်း ပို့ဆောင်ရောင်းချကြကြောင်း သိရသည်။
လိပ်သိုဒေသရှိ မရမ်းစိုက်တောင်သူများမှာ မရမ်းသီးအမှည့်များ ရောင်းချကြသည့်အပြင် မရမ်းသီးများကို ထက်ခြမ်းခွဲ၍ အခြောက်လှန်းကာ မရမ်းသီးခြောက်နှင့် မရမ်းယိုများကိုလည်း ပြုလုပ်ရောင်းချကြကြောင်း သိရသည်။
ခင်လေးနွယ်