ကျုံပျော်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးဆောင်ရွက်

ကျုံပျော် ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီး‌လောင်မှုလျှော့နည်းပပျောက်စေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းကို ကျုံပျော်မြို့ပေါ်ရပ်ကွက်များ၌ ယနေ့နံနက်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရှိ ဦးအောင်စိန်ဘွင့်၏ ဦးဆောင်မှုဖြင့် မြို့ပေါ် (၄) ရပ်ကွက်ရှိ တည်းခိုခန်းများ၏ မီးသုံးစွဲမှုအခြေအနေများကို လိုက်လံစစ်ဆေးကာ မီးဘေးကြိုတင်ကာကွယ်‌ရေးအချက်များ သိရှိရန်၊ လျှပ်စစ်မီးနှင့် အခြားမီးများကိုလည်း ဂရုပြုသုံးစွဲရန်၊ မီးဘေးကာကွယ်ရေးပစ္စည်းများဖြစ်သော မီးသတ်ဆေးဗူး၊ ရေပုံး၊ သဲနှင့် မီးချိတ်၊ မီးကပ်များ စနစ်တကျထားရှိရန်တို့ကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးပေါ့ဆမှုမရှိစေရေးနှင့် မီးလောင်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် မီးသုံးစွဲရာတွင် သတိပြုရမည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကိုလည်း မြို့ပေါ်ရပ်ကွက်/ကျေးရွာများတွင် အသံချဲ့စက်ဖြင့် လှည့်လည်၍ အပတ်စဉ်လှုံ့ဆော်ဆောင်ရွက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)