ဒေးဒရဲမြို့နယ်တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ဒေးဒရဲ ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စိုက်ပျိုးလယ်မြေများတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် စပါးအထွက်နှုန်းပိုမိုတိုးတက်စေရေးရည်ရွယ်၍ မိုးစပါးစိုက်ပျိုးမည့် လယ်မြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့ နံနက် () နာရီက ဒေးဒရဲမြို့နယ်၊ တညင်ကုန်းကျေးရွာအုပ်စု၊ ရွှေတောင်ကုန်းကျေးရွာရှိ ကွင်းအမှတ် (၄၂၂-က)၊ ဦးပိုင်အမှတ် ((၄/၄)၊ (၄/၁၀)ရှိ တောင်သူဦးမြင့်မောင်၏ လယ်မြေ (၅) ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။

၎င်းသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ ကြဲပက်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ စုပေါင်း၍ မျိုးစေ့များ ကြဲပက်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် သစ်စိမ်းမြေဩဇာ၊ ဇီဝမြေဩဇာနှင့် သစ်ဆွေးဓာတ်များရရှိနိုင်ပြီး လယ်ယာမြေအတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်သိရပြီး ဓာတ်မြေဩဇာသုံးစွဲမှုကို လျော့ချနိုင်ကာ သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့် ရေတို့ကို ဓာတုအဆိပ်သင့်မှုလျော့နည်းစေ၍ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အေဇာလင်း