ကျိုက်လတ်မြို့နယ်၌ ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ကျိုက်လတ် ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့ ညနေ (၄) နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲကျင်းပခဲ့သည်။

အခမ်းအနားတွင် မစိုးရိမ်ကျောင်းတိုက်ဆရာတော်ကြီးထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော် သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်၊ ကျေးရွာတို့တွင်လည်း အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပလျက်ရှိကြောင်း သိရသည်။

လှိုင်မင်းအောင်