မအူပင်မြို့၌ မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီး

မအူပင် ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာတွင် ယမန်နေ့ (၆) နာရီ၊ (၁၅) မိနစ်အချိန်က မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၆) လုံးပြိုကျပျက်စီးခဲ့ရသည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး (၃၀၀၀၀၀၀/-) ခန့် ဆုံးရှုံးခဲ့ရပြီး ပြိုကျပျက်စီးသည့် နေအိမ်များရှိ မိသားစုဝင်များအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ခေတ္တပြောင်းရွှေ့နေထိုင်စေ၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ နေအိမ်များ ပြန်လည်ဆောက်လုပ်နေထိုင်နိုင်ရေးအတွက် ကူညီဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်တွင်လူနှင့် တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)