မော်လမြိုင်ကျွန်း ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် (၁၁) လမ်းထောင့်တွင် ၁၃၈၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ရိုးရာအစဉ်အလာမပျက် ယဉ်ကျေးသိမ်မွေ့စွာဖြင့် ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများဖြင့် ရေပက်ကစားလျက်ရှိသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မြန်မာရိုးရာအစဉ်အလာမပျက် ယဉ်ကျေးမှုနှင့်အညီ မဟာသင်္ကြန်ပွဲတော် ပါဝင်ဆင်နွဲသူများကို ရေများပက်ဖျန်းပေးကြကာ ပြည်သူများအား စတုဒိသာ (ထမင်းနှင့်ကြက်ပဲဟင်း)များဖြင့် ဧည့်ခံကျွေးမွေးကြပြီး ယနေ့ညနေပိုင်းအချိန်တွင် မုန့်လက်ဆောင်းများဖြင့် လှူဒါန်းကျွေးမွေးမည်ဖြစ်ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)