ဘိုကလေး ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ယနေ့သင်္ကြန်အကြတ်နေ့၌ ရိုးရာယဉ်ကျေးမှုအစဉ်အလာမပြတ် ရေဆော့ကစားခြင်း၊ နံသာလိမ်းခြယ်ခြင်း၊ စတုဒိသာကျွေးမွေးမှုများဖြင့် ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြသည်။
ဘိုကလေးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်းကာ ယနေ့သင်္ကြန်အကြိုနေ့မှစတင်ကာ မြို့နယ်စတုဒိသာမဏ္ဍပ်ဖွင့်လှစ်၍ ယဉ်ကျေးမှုအစဉ်အလာအတိုင်း သပြေခက်ဖြင့်ရေပက်ဖျန်းဆော့ကစားခြင်း၊ နံသာလိမ်းခြယ်ခြင်း၊ စတုဒိသာကျွေးမွေးမှုများဖြင့် ကုသိုလ်ပြုဆောင်ရွက်ကြကြောင်းနှင့် စတုဒိသာကျွေးမွေးမှုအား သင်္ကြန်ကာလပြီးဆုံးသည်အထိနေ့စဉ် ကုသိုလ်ပြုကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း၌လည်း အများပြည်သူများကလည်း ယဉ်ကျေးမှုအစဉ်အလာအတိုင်း ရေဆော့ကစားလျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)