ပုသိမ်မြို့၊ ကင်မလင်းကျွန်း၊ ဆီဆုံရပ်တွင် စက်သုံးဆီဆိုင်မှ မီးလောင်မှုဖြစ်ပွား

ပုသိမ် ဒီဇင်ဘာ ၈

ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်၊ ကင်မလင်းကျွန်း-ဆီဆုံရပ်နေ ဦး...၏ စက်သုံးဆီ အရောင်းဆိုင်မှ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်တွင် မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့ပြီး ၄င်းနှင့်ကပ်လျက်ရှိ ငါးခြောက်ဂိုထောင်သို့ပါ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်းသိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီ ၅၀ မိနစ်တွင် မီးညွန့်ကျိုးသွား ခဲ့ကြောင်း သိရသည်။

ပုသိမ်ခရိုင် (ပြန်/ဆက်)