ကြံခင်းမြို့နယ်ရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘက်ရဲမူကြိုကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲကျင်းပ

ကြံခင်း မတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊  ဘက်ရဲမြို့ (အ.ထ.က) တေဇခန်းမ၌ ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဘက်ရဲမြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်လူမှုဝန်ထမ်းမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို ​ဘက်ရဲမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက ကျောင်းဆင်းပွဲအမှာစကားပြော ကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဉ္ဇာဝင်းက ကလေးသူငယ်ပြုစုပျိုး ထောင်ရေးလုပ်ငန်းနှင့် ECCD အကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ဘက်ရဲမူကြိုကျောင်းမှ ရင်သွေးငယ် ကျောင်းသား၊ ကျောင်းသူများက ပဒေသာအကများဖြင့် က​ပြဖျော်​​ဖြေကြပြီး အခမ်းအနားတက်ရောက်လာကြသည့် တာဝန်ရှိသူများက မူလတန်းကြိုကျောင်းတွင် ကျောင်းဆင်းမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၈ ဦးအား ကျောင်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အလားတူ ကြံခင်းမြို့၊ ကဇင်းကြီးအုပ်စု၊ သမ္ဘာရာအင်းကျေးရွာရှိ မေတ္တာရိပ်မူကြိုကျောင်းတွင် မူလတန်းကြိုကျောင်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး ပဒေသာကပွဲတွင် ပါဝင်ကပြဖျော်‌ဖြေကြသူများအား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)