ချောက်မြို့တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ချောက် မတ် ၂၆

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ချောက်မြို့မဈေးနှင့် ဌာနဆိုင်ရာများသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများ ကလက်ကမ်းစာစောင်များ ဖြန့်ဝေပေး‌ခဲ့သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ဦးတည်ချက်များ၊ နိုင်ငံ‌တော်နှင့်နိုင်ငံသားများအပေါ် ကျရောက်လာသည့် ဘေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူလူထု၏ လူမှုဘ၀လုံခြုံရေးနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ဘက်‌ပေါင်းစုံကကူညီဆောင်ရွက်‌ပေးရေး၊ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်၊ အမျိုးသားရေးရည်မှန်းချက်(၂)ရပ် တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ ကဗျာဆရာ မျိုးမြတ်မြတ်မြင့်မောင်၏ “ချစ်ညီစစ်သည်သို့” ကဗျာ၊ (၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များနှင့် နှင်းအပ်တာ၀န်ကျေပွန်ခဲ့သည်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ဆန္ဒဖြစ်သည့် ဒီမိုကရေစီလမ်းကြောင်းမှ သွေဖယ်မှုမရှိစေရန် ထိန်းသိမ်းခြင်း၊ နိုင်ငံနှင့်ပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံနှင့် လူမျိုးအဖြစ် အဓွန့်ရှည်စွာရပ်တည်နိုင်ရေးတို့အတွက် ကိုယ်ကျိုးမဖက် ထမ်းရွက်ဆောင်ရွက်နေခြင်းဖြစ်ရာ ပြည်သူအားဖြင့် ပူးပေါင်းပါ၀င်ဆောင်ရွက်ကြရေးတို့ကို ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)