တောင်တွင်းကြီး မတ် ၂၅
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် သာသနာ့ဗိမ္မာန်တော်ကြီးတွင် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ယနေ့မွန်းတည့်(၁၂)နာရီက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် စာဖြေဌာန၌ ဓမ္မာစရိယစာမေးပွဲဖြေဆိုရာတွင် တောင်တွင်းကြီးမြို့နယ်၊ အောင်လံမြို့နယ်၊ မြို့သစ်မြို့နယ်၊ နတ်မောက်မြို့နယ်၊ မင်းလှမြို့နယ်တို့ရှိ စာသင်တိုက်အသီးသီးမှ ဓမ္မာစရိယစာဖြေသံဃာ(၁၅)ပါး ဖြေဆိုလျက်ရှိပြီး မတ်လ(၂၅) ရက်နေ့မှ(၃၁)ရက်နေ့ထိ နေ့စဉ်မွန်းတည့်(၁၂)နာရီမှ ညနေ(၄)နာရီထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ မတ်လ(၃၁)ရက်နေ့မှ(၆) ရက်နေ့ထိ တောင်တွင်းကြီးမြို့နယ် စာဖြေဌာနတွင် ပါဠိပထမပြန်စာမေးပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ပထမကြီးတန်း(၂၃)ပါး၊ ပထမလတ်တန်း(၄၁)ပါး၊ ပထမငယ်တန်း(၆၀)ပါးနှင့် အခြေပြုမူလတန်းစာဖြေသံဃာ(၉၀)ပါးတို့ ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)