အိမ်မဲ ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သရက်ကုန်းကျေးရွာ သရက်ကုန်းတိုက်နယ် ကျန်းမာရေးဦးစီးဌာနတွင် ပြည်သူလူထုကျန်းမာရေး စကားဝိုင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သရက်ကုန်းတိုက်နယ် ဆရာဝန်ဒေါက်တာ ခင်သူဇာအောင်က "ကိုယ်ဝန်ဆောင် မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှု"၊ အမျိုးသမီးကျန်းမာရေး ဆရာမနန့်မူဌေးယဉ် က "မိခင်နှင့်ကလေးကျန်းမာရေးမြှင့်တင်သူများ၏ လုပ်ငန်းဆောင်ရွက်မှုများ"၊ သရက်ကုန်းတိုက်နယ် ရဲစခန်းမှူး ဦးနေလင်းထွန်းက "ကိုယ်ဝန်ဖျက်ချခြင်းဥပဒေ"၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၁) ဦးအောင်ဇော်ဦးက "စံပြယင်လုံအိမ်သာ ဆောက်လုပ်ခြင်းနှင့် တီဘီသံသယ လူနာရှာဖွေခြင်း၊ သလိပ်စစ်ခြင်း'' အစရှိသည ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါစကားဝိုင်းသို့ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ၊ ကျန်းမာရေးအကြောင်း စိတ်ပါဝင်စားသူ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)