ကန့်ဘလူ မတ် ၂၅
ဘာသာရပ်ဆိုင်ရာ သင်ကြားသင်ယူမှုစွမ်းရည်မြင့်မားရေး၊ နှီးနှောဖလှယ်ခြင်း၊ အသိပညာအတတ်ပညာများ မျှဝေခြင်း၊ ဆွေးနွေးအဖြေရှာခြင်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်၊ အလယ်တန်းဆင့်နှင့်မူလတန်းဆင့် ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးစိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဥ်း၍ ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းထွန်းကျော်က သင်တန်းနှင့်ပတ် သက်၍ ဆွေးနွေးပွဲဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ အထက်တန်းဆင့် သင်တန်းနည်းပြ ၁၈ ဦး၊သင်တန်းသား ၂၄၃ ဦး၊ အလယ်တန်းဆင့် သင်တန်းနည်းပြ ၂၀ ဦး၊ သင်တန်းသား ၃၅၄ ဦး၊ မူလတန်းဆင့် သင်တန်းနည်းပြ ၄၀ ဦး၊သင်တန်းသား ၃၀၉ ဦးတက်ရောက်ကြပြီး မတ် ၂၄ ရက်မှ ၂၇ ရက်ထိ နေ့စဥ်နံနက် ၉ နာရီမှမွန်းလွဲ ၃ နာရီခွဲထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)