ခန္တီးမြို့၌ စိတ်ကြိုက်ပန်းချီ၊ ကဗျာရွတ်၊ ပုံပြင်‌ပြောပြိုင်ပွဲ

ခန္တီး မတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ပန်းချီရေးဆွဲနည်းစနစ်များတိုးတက် ကောင်းမွန် လာစေရန်၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရဲသည့်စိတ်ဓာတ်များ ရရှိစေရန်နှင့် လူမှုအဖွဲ့အစည်းများနှင့်‌ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စိတ်ကြိုက်ပန်းချီ၊ ကဗျာရွတ်၊ ပုံပြင်ပြိုင်ပွဲ များကို ယမန်နေ့က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ ခန္တီးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးအေးခန့်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ လည်းကောင်း၊ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မူလတန်းအဆင့် ကျောင်းသား/သူ (၁၂) ဦးက မိမိတို့ကြိုက်နှစ်သက်ရာ ခေါင်းစဉ်ဖြင့် စိတ်ကြိုက်ပန်းချီဆွဲ၊ ကဗျာရွတ်၊ ပုံပြင်ပြောပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က စာအုပ်နှင့် ခဲတံဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ကမ်းကီး(ပြန်/ဆက်)