ဝေါမြို့နယ်တွင် မူလတန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်လှစ်

ဝေါ မတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် မြို့နယ်အဆင့်အခြေခံပညာမူလတန်းနှင့် အလယ်တန်းတို့တွင် သင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း(ဝေါ)ရှိသီရိဇေယျာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဦးကြည်စိုးက သင်တန်းတွင်လိုက်နာရမည့်စည်းကမ်းချက်များနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်ဦးက ဘာသာစုံသင်တန်းပို့ချမည့်ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးပေးသည်။

အဆိုပါ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို မူလတန်းအဆင့်တွင် သင်တန်းနည်းပြ ဆရာ/ဆရာမ(၂၈)ဦးက သင်ကြားပို့ချမည်ဖြစ်ပြီး မူလတန်းအ‌ဆင့် ဆရာ/ဆရာမ(၄၁၄)ဦးတက်ရောက်သွားမည်ဖြစ်ပြီး အလယ်တန်းအဆင့်တွင် သင်တန်းနည်းပြ ဆရာ၊ ဆရာမ(၃၂)ဦးတို့ကသင်ကြားပို့ချသွားမည်ဖြစ်ပြီး အလယ်တန်းအဆင့် ဆရာ၊ ဆရာမ(၄၈၆)ဦး တက်ရောက်သွားမည်ဖြစ်ရာ သင်တန်းကာလမှာ မတ်လ(၂၄)ရက်မှ (၂၈)ရက်ထိ (၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)