ဆင်ပေါင်ဝဲ မတ် ၂၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အခြေခံပညာအလယ်တန်းနှင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ/သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးကြည်သင်းက အခြေခံပညာအလယ်တန်းနှင့် မူလတန်း ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဆရာ၊ ဆရာမများက အခန်းအသီးသီးတွင် ဆွေးနွေးပွဲပြုလုပ်ရာ အခြေခံပညာအလယ်တန်းဆင့် နည်းပြ(၂၃)ဦးနှင့် အခြေခံပညာမူလတန်းအဆင့် နည်းပြ(၄၀) ဦး၊ စာသင်ခန်း(၁၇)ခန်းရှိ အခြေခံပညာအလယ်တန်းနှင့် မူလတန်းသင်တန်းသား၊ သင်တန်းသူ(၉၃၇)ဦးတို့အား အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲအား မတ်လ ၂၄ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများက အပြန်အလှန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သင်တန်းကြီးကြပ်ရေးမှူးထံမှ သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)