သရက်မြို့၌ ဆေးပဒေသာပင်အလှူငွေပေးအပ်ပွဲ ကျင်းပ

သရက် မတ် ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဆေးပဒေသာပင် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက သရက်ခရိုင် ပြည်သူ့ဆေးရုံအစည်းအဝေးခန်း၌ ကျင်းပရာ ခရိုင်ဆရာဝန်ကြီးနှင့် ဝန်းထမ်းများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့် အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး သရက်ခရိုင် ပြည်သူ့ဆေးရုံ ဆေးရုံအုပ် ဒေါက်တာညွန့်ရွှေအောင်က သရက်ခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံပဒေသာပင် ရသုံးအခြေအနေနှင့် ကျန်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပေးခဲ့သည်။

ထို့နောက် အလှူရှင် ဦးတင်အောင်မြင့်မှ လှူဒါန်းမှုအခြေအနေနှင့်ပတ်သက်သည်များ ရှင်းလင်းပေးခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံ ဆေးပဒေသာပင်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ သရက်ခရိုင် ပြည်သူ့ဆေးရုံဆေးရုံအုပ် ဒေါက်တာညွန့်ရွှေအောင်က လက်ခံပေးခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် ခရိုင်ပြည်သူ့ဆေးရုံ ဖျားနာကုသဆောင်မှ အထူးကုဆရာဝန် (ဆေးပညာ) ဒေါက်တာရဲကျော်မိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။

 ဇော်ထက်(သရက်)