ကံမ မတ် ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ အခြေခံပညာအထက်တန်းကျောင်း မြဝတီခန်းမ၌ ယနေ့နံနက် (၉) နာရီက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့်နှင့် အလယ်တန်းဆင့် စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ရာ မြို့နယ်ပညာရေးမှူး ဦးတင်မြင့်က အဖွင့်အမှာစကားပြောကြားပြီးနောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးသူရအောင်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဝေယံတို့က သင်တန်းရေးရာနှင့် သင်တန်းစည်းကမ်းတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် သင်တန်းအား သင်တန်းနည်းပြဆရာ (၆၀) ဦးတို့က ဆက်လက်သင်ကြားခဲ့ပြီး အဆိုပါ သင်တန်းအား မတ်လ (၂၄) ရက်မှ မတ်လ (၂၈) ရက်နေ့ထိ (၅) ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၇၈၅) ဦး သင်တန်းတက်ရောက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)