ရေနံချောင်းမြို့နယ်၌ သင်ကြားသင်ယူမှုထိရောက်စေရန် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်လှစ်

ရေနံချောင်း မတ် ၂၄

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား သင်ကြားသင်ယူမှု ပိုမိုထိရောက်အကျိုးရှိစေရန် ရည်ရွယ်၍ ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မတ် ၂၄၊ ၂၅၊ ၂၆၊ ၂၈ ရက်အထိ သင်တန်းကာလ လေးရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၅၀) မှ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာ၊ ဆရာမများ အပါအဝင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၀၂၇) ဦး တက်ရောက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)