ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်၌ နှစ်(၈ဝ)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ဓနုဖြူ မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ဓနုဖြူမြို့နယ်၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဝင်းမြင့်၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်တို့က ဓနုဖြူမြို့နယ်၊ ငါးဘက်အိုင်ကျေးရွာအုပ်စု၊ ကနီစုကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပြီး၊ ဖွင့်ပွဲဆိုင်းဘုတ်အား အမွှေးနံ့သာပက်ဖျန်းပေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးရွာအတွင်း မီတာတပ်ဆင်ထားမှု အခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သပြုပင်ကျေးရွာအုပ်စု၊ ချမ်းသာကျေးရွာရှိ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း၊ ကျောင်းစုကျေးရွာအုပ်စု၊ ရွှေဘိုစုကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့လည်းကောင်း၊ ကျောင်းစုကျေးရွာအုပ်စု၊ တံတားဦးကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး၊  မီတာတပ်ဆင်ထားမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့​ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)