မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အလယ်ကျွန်း (၂)တာ MCD (1)မြောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု

ငပုတော မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများသည် ယ‌မန်နေ့မွန်းလွဲပိုင်းက မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်၊ ငပုတောမြို့နယ် အလယ်ကျွန်း (၂)တာ MCD (1)မြောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်ထား ရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု့ပြီး တာဝန်ရှိသူ၏ ရှင်းလင်းတင်ပြမှုအ‌ပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။

အဆိုပါမြောင်းတူးဖော်ခြင်းလုပ်ငန်းအား မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၄၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် (၉၇.၂၂၄)ကျပ်သန်းဖြင့် ဆောင်ရွက်သည့် ငပုတောမြို့နယ် အလယ်ကျွန်း (၂)တာ MCD (1)မြောင်းဖြစ်ပြီး မြောင်းအလျား (၀.၅၆၈)မိုင်၊ ထိပ်ဝအကျယ် (၄၆)ပေ၊ အောက်ခြေပေ (၈)ပေခန့်ရှိပြီး ရွှေပြည်ဒဂုံကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ကာ စိုက်ဧက အကျိုးပြုဧက (၄၀၀၀) အတွက် များစွာအကျိုးပြုနိုင်မှာဖြစ်ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)