နတ်မောက်မြို့၊ မြို့မဈေးကြီး အတွင်း/အပြင်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ထားမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နတ်မောက် မတ် ၂၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီး အတွင်း/အပြင်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ထားမှု အခြေအနေအား  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိနှင့် ဈေးတာဝန်တို့မှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိနှင့် အဖွဲ့ဝန်ထမ်းများက မြို့မဈေးကြီးအတွင်း/အပြင်ရှိ ဆိုင်ခန်းရှင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဆင်သင့်ထားရှိရမည့် မီးချိတ်၊ မီးကတ်၊ ရေအိတ်၊ သဲအိတ်၊ လှေကားနှင့် မီးသတ်ဆေးဘူးများထားရှိမှု၊ လျှပ်စစ်ဝါယာကြိုးများ စနစ်တကျသွယ်တန်းထားရှိမှု အခြေအနေနှင့် ခြင်ဆေးခွေ၊ ဖယောင်းတိုင်၊ အမွှေးတိုင်များ အသုံးပြုခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး  ဆိုင်ခန်းရှင်များအား ပူပြင်းခြောက်သွေ့သည့် ရာသီရောက်ရှိ နေပြီဖြစ်၍ သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မူမူစန်း