မြို့သစ် မတ် ၂၄
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ မြန်မာ့ရိုးရာသနပ်ခါးနေ့လှုပ်ရှားမှု သနပ်ခါးလိမ်းခြယ်ပွဲကို မတ်လ ၂၁ ရက်၊ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှု သနပ်ခါးလိမ်းခြယ်ပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဉက္ကဋ္ဌ ဒေါ်တင်မျိုးသူက မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်မှုနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား သနပ်ခါးလိမ်းခြယ်ပေးခြင်း၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်သနပ်ခါးလိမ်းခြယ်ခြင်းများ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)