ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် (၈၀) နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် "ပညာဘဏ်" စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနား တက်ရောက်

အုတ်ဖို မတ် ၂၄

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက (၈၀) နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်ဆောင်ရွက်မှုကော်မတီ၏ မတည်ငွေကျပ်သိန်း (၁၅၀) ဖြင့် ဆောက်လုပ်သော "ပညာဘဏ်" စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေ့ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများက စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကာ စာကြည့်တိုက်ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖြန်းပေးခဲ့ပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် စာကြည့်တိုက်အတွက် အလှူငွေကျပ်သိန်း (၃ဝ) ပေးအပ်လှူဒါန်းခဲ့ရာ စာကြည့်တိုက်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအေးကိုက လက်ခံရယူခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)