ပေါင်းတည်ဘိုးဘွားရိပ်သာဘိုးဘွားများနှင့် ဝန်ထမ်းမိသားစုများအား ဇီဝအချက်အလက်များ ကောက်ယူခြင်းကွင်းဆင်းဆောင်ရွက်

ပေါင်းတည် မတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ဇီဝအချက်အလက်များကောက်ယူခြင်း(Biometric Dater) လုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၂ ရက်က ပေါင်းတည်ဘိုးဘွားရိပ်သာဘိုးဘွားများနှင့် ဘိုးဘွားရိပ်သာဝန်ထမ်းများအား Biometric Dater(UID) ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

 အဆိုပါဆောင်ရွက်မှုအား မြို့နယ်လဝကဦးစီးမှူး ဦးဇော်ဝင်းကြီးကြပ်၍ ဝန်ထမ်းများက ဘိုးဘွား ၃၈ ဦးနှင့် ဘိုးဘွားရိပ်သာ ဝန်ထမ်း ၁၃ ဦးအား နေ့ချင်းပြီး Biometrice Dater (UID)ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)