ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇီးကုန်းမြို့နယ်တွင် နွေနှမ်း (ပေါင်ကြီးတင်စနစ်) စိုက်ပျိုးနေမှုအား ကြည့်ရှု့အားပေး

ဇီးကုန်း မတ် ၂၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ ခရိုင်အဆင့် ဌာနဆိုင်ရာများသည် မတ်လ ၂၃ ရက် နံနက်ပိုင်းက နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် နွေနှမ်း (ပေါင်ကြီးတင်စနစ်) စိုက်ပျိုးနေမှုအား ကြည့်ရှု့အား‌ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ဝက်စာပိုးကျးရွာအုပ်စု၊ ညောင်ဇင်ကျေးရွာ၊ ဦးပိုင်အမှတ် ၁၆/၄၊ ကွင်းအမှတ်-၃၆၃၊ တောင်သူဦးမိုးအောင်၏လယ်မြေတွင် နွေနှမ်း (ပေါင်ကြီးတင်စနစ်) စိုက်ပျိုးနေမှုအား ကြည့်ရှု့အားပေးကာ သီးနှံများပန်းတိုင် အထွက်နှုန်း ပြည့်မှီကျော်လွန်ထွက်ရှိရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။

ဇီးကုန်းမြို့နယ်တွင် နွေနှမ်းစိုက်ပျိုးမှုအား တောင်သူများ ပိုမိုစိတ်ဝင်စား၍ မိုးစပါးစိုက်ပျိုးရန် အချိန်မှီစေရေးနှင့် စားသုံးဆီဖူလုံရေးအတွက် အထွက်နှုန်းကောင်း သက်တမ်းတိုမကွေးနှမ်းနက် ၂/ ၁၄ နှင့် ဆင်းရတနာနှမ်းမျိုးများကို စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)