မအူပင် မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲနောက်ဆုံးနေ့ (ဇီဝဗေဒနှင့် ဘောဂဗေဒ)ဘာသာရပ်အား ယနေ့နံနက် ၉ နာရီက ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိသည်။
မအူပင်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၉) ခု၌ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုသူဦးရေ (၁၆၈၂) ဦး (၉၂.၇၂)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရရှိပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့်ဖြေဆိုနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများ နှင့်လူမှုရေးအသင်းအဖွဲ့များမှ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်ဆက်)