ကျွန်းလှ မတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးကို မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့ထိ ဖြေဆိုခဲ့ရာ ယနေ့နံနက်ပိုင်းက ဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ (၂၅၄) ဦး ဝင်ခွင့်လျောက်ထားကြောင်း၊ ယနေ့ ဇီဝဗေဒဘာသာရပ်၌ (၁၂၈) ဦး၊ ဘောဂဗေဒဘာသာရပ်၌ (၁၂၀) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၄၈) ဦးဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက စောင့်ကြပ်ပေးပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့က အချိုရေဘူးများ ဝေငှခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)