ကန့်ဘလူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို

ကန့်ဘလူ မတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့်ဘောဂ​ဗေဒ​ ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထိုသို့ဖြေဆိုရာတွင် ကန့်ဘလူမြို့နယ်၌ အ.ထ.က(၁)ကန့်ဘလူစာစစ်ဌာနနှင့် အ.ထ.ကထန်းကုန်းစာစစ်ဌာနတို့တွင် ဇီဝဗေဒဘာသာရပ်တွင် ကျောင်းသား ၁၉၅ ဦး၊ ကျောင်းသူ ၃၃၂ ဦး၊ ဘောဂဗေဒ ဘာသာရပ်တွင် ကျောင်းသား ၂၀၄ ဦး၊ ကျောင်းသူ ၁၄၉ ဦး စုစုပေါင်း ၈၈၀ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဖြေဆိုမှုရာခိုင်နှုန်းအနေဖြင့် ၉၇ ဒသမ ၃၄ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို အဆင်ပြေစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ကြီးကြပ်မှုဖြင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ၊ နယ်မြေလုံခြုံရေးတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)