ဘိုကလေးမြို့နယ်တွင် (၂၀၂၅)ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များ ဆက်လက်ဖြေဆို

ဘိုကလေး မတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် (၂၀၂၅)ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား စာစစ်ဌာန()ခုဖြင့် မတ်လ(၁၇)ရက်နေ့မှစတင်၍ ကျင်းပဆောင်ရွက်ရာ ယနေ့ တက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးနေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များအား ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဘိုကလေးမြို့နယ်အနေဖြင့် စာစစ်ဌာန()ခုရှိသည့်အနက် ဘောဂဗေဒနှင့် ဇီဝဗေဒဘာသာ ဖြေဆိုရန် စာရင်းရှိသူ ကျောင်းသား/သူဦးရေ (၁၄၀၀)ဦးရှိပြီး ယနေ့ ဖြေဆိုရာတွင် စုစုပေါင်း (၁၃၃၈)ဦးလာရောက်ဖြေဆိုသဖြင့် ပျက်ကွက်(၆၂)ဦးရှိကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၅၇) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဘိုကလေးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကျောင်းသား/သူများ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနပြင်ပများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှ‌င့် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေးဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်းကာ ကြီးကြပ်တာဝန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးစက်