ပခုက္ကူ မတ် ၂၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်မှစတင်ပြီး စာစစ်ဌာနနှစ်ခု၌ ကျင်းပရာ ယနေ့တွင် (နောက်ဆုံးနေ့)အဖြစ် ဇိဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာရပ်များ ဖြေဆိုကြကြောင်း၊ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျောင်းသား၊ ကျောင်းသူ ၈၉၇ ဦးမှ ၈၁၃ ဦး ဝင်ရောက်ဖြေဆိုကြပြီး ဖြေဆိုမှုရာခိုင်နှုန်း ၉၀ ဒသမ၆၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ထို့အပြင် ပခုက္ကူခရိုင်အတွင်း ရေစကြိုမြို့နယ်တွင် ၂၂၄ ဦး၊ ပေါက်မြို့နယ်တွင် ၁၇၄ ဦးနှင့် ဆိပ်ဖြူမြို့နယ်တွင် ၄၈၄ ဦး စသည်ဖြင့် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)