မင်းလှမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာများအား တွေ့ဆုံ‌

အထက်မင်းလှ မတ် ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများအား တွေ့ဆုံပွဲကို ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါပြီး ရုံးရပ်တောင်ပိုင်းရပ်ကွက်ရှိ တောင်သူ ဦးခင်အောင်‌ရွှေ၏ လယ်ယာမြေတွင် ဆီထွက်သီးနှံနေကြာစိုက်ပျိုးထားရှိမှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် မြေအောက်ရေကို ဆိုလာစနစ်ဖြင့် ရေတင်၍ အောင်နိုင်တိုး နွေစပါးစိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ဆီထွက်သီးနှံနေကြာနှင့် နွေစပါးစိုက်ပျိုးမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက်   မင်းလှမြို့ ဇေယျာသီရိဈေးတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး မီးဘေးအန္တရာယ်ကာကွယ် ရေးဇာတ်တိုက်လေ့ကျင့်သရုပ်ပြသမှုအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များအား ဂုတ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့သည်။ ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများအား တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူး‌ပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှခံတပ် သမိုင်းကြောင်း၊ ရွှေဘုန်းသာဘုရားစေတီသမိုင်း၊ မလွန်မြသပိတ်ဘုရားသမိုင်း၊ စစ်သူကြီးမဟာဗန္ဓုလ ဗိမာန်တို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်အတွင်း၌ အပူရှောင်စခန်းများ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ရာ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက် ပြောကြားခဲ့သည်။

ထို့နောက်  တွေ့ဆုံပွဲတက်ရောက်လာသည့် ဌာနဆိုင်ရာများက မြို့သန့်ရှင်းသာယာလှပရေး နန္ဒဝန်ပန်းခြံ‌အတွင်းဆောင်ရွက်ထားရှိမှုများ၊ နွေရာသီကာလတွင် အားကစားသင်တန်းများ၊ ဗင်ခရာသင်တန်းဖွင့်လှစ်ပေးမည့် အစီအမံများ၊ အပူဒဏ်ကာကွယ်ရေး ဆောင်ရွက်နေမှုများ၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး သစ်ပင်စိုက်ပျိုးထားရှိမှုများ၊ မြေပြင်လူဦးရေစာရင်းကောက်ယူနေမှု အခြေအနေများ၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး လျှပ်စစ်မီးအဆင်ပြေစေရေး ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းတင်ပြခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)