ဟင်္သာတမြို့နယ်၌ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်

ဟင်္သာတ မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှဦးဆောင်၍ မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများနှင့်စျေးများတွင် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုကို ဆောင်ရွက်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုကို ဟင်္သာတခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနေခြည် ထက်ထက်လင်းအောင် ဦးဆောင်သော ကျန်းမာရေးဌာန ဝန်ထမ်းများ၊ မြို့နယ်မိခင်ကလေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိခင်နှင့် အဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ စျေးကော်မတီဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဿ်ခြေနီတပ်ဖွဲ့ဝင်များ ကဟင်္သါတမြို့ ပဒေသာစျေး၊ ဌေးဝင်းစျေးနှင့်လူစည်ကားရာ လမ်းဆုံများ၊မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသော သက်ကြီးအငြိမ်းစားများအား အပူဒဏ်အန္တရာယ်အကြောင်း သိကောင်းစရာများ၊ လိုက်နာရန်အချက်များ၊ရှောင်ကြဥ်ရန်အချက်များအား အသိပညာပေးဆွေးနွေးခြင်းနှင့် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင် ( ၅၀၀) တို့အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (ဟင်္သာတ)